August 10, 2007

ကျွန်တော်နှင့်သူငယ်ချင်းများ (၂)

“မမေးတော့ဘူး”

ကျွန်တော့် သူငယ်ချင်းတွေထဲက ကိုဦး ဆိုတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်းကို ပြောပြပါဦးမယ်။ သူက အရပ်နဲနဲပုပု၊ ခတ်၀၀ လေးပေါ့ဗျာ။ ရုပ်ရည်ကတော့ သန့်တယ်ဗျ။ သူက စကားပြောရင် ဟန်ပန်နဲ့ ဆရာကြီး ပုံစံလေး ပြောဆိုတတ်ပါတယ်။ သူကို မေးရင် တန်းမဖြေဘူး မေးသူကို မေးခွန်းလေးတွေ ပြန်မေးပြီးမှ သူများမေးတာကို ပြန်ဖြေဆို တတ်တဲ့ အကျင့်လေး ရှိပါတယ်။ သူငယ်ချင်းတွေက လမ်းမှာတွေ့ လို့ ဘယ်သွားမှာလဲ လို့မေးရင် သူက ဘယ်သွားမယ် ထင်လဲ၊ မင်းကကော ဘယ်သွားမှာလဲ၊ ဘယ်က လာတာလဲ၊ ဘာသွားလုပ်မှာလဲ ဆိုပြီးတော့ ပြန်မေးလေ့ ရှိပါတယ်။ အဲဒီလို မေးပြီးမှ သူဘယ်သွားမယ် ဆိုတာကို ပြန်ဖြေပါတယ်။

ကျွန်တော်တို့ ကိုစာသင်တဲ့ ဆရာမ တစ်ယောက်က စာသင်ရင် သေသေချာချာ သင်ပြီး၊ ဂရုတစိုက် နားထောင်မှ ကြိုက်တယ်။ ပြီးကျရင် ကျောင်းသား တွေကို စာမေးလေ့ ရှိပါတယ်။ တစ်နေ့မှာတော့ ဆရာမက စာသင်ပြီး ကျောင်းသားတွေကို ခဏ စာကြည့်ခိုင်းပါတယ်။ ပြီးကျတော့ ကျောင်းသား တစ်ယောက်ချင်းစီ စာမေးပါတယ်။ ဆရာမက သူလိုချင်တဲ့ အဖြေမရသေးတဲ့ ကျောင်းသားတွေကို မတ်တတ်ရပ် ခိုင်းပါတယ်။ ကျောင်းသား တွေသာ ကုန်သွားတာ ဆရာမ လိုချင်တဲ့ အဖြေက ရမလားဘူး။ ဒါကြောင့် ကျောင်းသားတွေ အားလုံး မတ်တတ်ရပ် နေရတာပေါ့ အဲ တစ်ယောက်ကတော့ ထိုင်လျက်ပဲဗျ သူက ကိုဦးလေ၊ ဆရာမက တစ်ယောက်ထဲ ထိုင်လျက်ရှိနေသူ ကိုဦး ကိုကြည့်ပြီး “သူ့ကိုတော့ မမေးရဲတော့ဘူး၊ ငါ့ကမေးတာ နဲနဲရယ် သူက အများကြီးပြန်မေးနေလိမ့်မယ်” ဆိုပြီး သူကိုယ်တိုင်ပဲ စာရှင်း ပြပါတော့တယ်။ ဆရာမကတောင် စာမမေးရဲတဲ့ ကိုဦးပါဗျာ။ ဒါပေမယ့် ကိုဦးက သဘော ကောင်းပါတယ်ဗျာ၊ အကြောင်းသိရင် အရမ်းခင်ဖို့ ကောင်းပါတယ်။

0 comments:

မြန်မာစံတော်ချိန်

Calendar


Recent Comments