August 11, 2007

လူတွေဟာ စဉ်းစားဥာဏ်ရှိခြင်း၊ မရှိခြင်း

”သက်ရှိဟူသမျှမှာ အတ္တ ၀ိညာဉ်ဆိုတာ ရှိတယ်။ အပင်သက်ရှိတွေမှာရှိတဲ့ အတ္တ၀ိညာဉ်ကတော့ အနိမ့်အကျဆုံးဖြစ်တယ်။ ဒါထက် အဆင့်မြင့်တဲ့ အတ္တ၀ိညာဉ်ကတော့ တိရစ္ဆာန်မှာရှိတယ်။ လူမှာ ရှိတဲ့ အတ္တ၀ိညာဉ်ကတော့ အမြင့်မြတ်ဆုံးပဲတဲ့။ လူရဲ့ အတ္တ၀ိညာဉ်မှာ ပညတ် Concepts တွေကို အသုံးပြုပြီးစဉ်းစားနိုင်၊ ဆင်ခြင်နိုင်တဲ့ စွမ်းရည် တည်ရှိတယ်။ ဒီလို စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်ရှိခြင်းကြောင့် လူသတ္တ၀ါဟာ တခြား သက်ရှိတွေမှာ ရှိတဲ့ အတ္တ၀ိညာဉ်တွေနဲ့ ခြားနားသွားခြင်းဖြစ်တယ်။ တစ်နည်းပြောရရင် လူဟာလောက ဓမ္မ သဘာဝတွေကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ထွင်းဖောက် သိမြင်နိုင်တဲ့ သတ္တ၀ါဖြစ်ခြင်းကြောင့် လူဟာ သတ္တလောကမှာ အမြင့်မြတ်ဆုံးသူ ဖြစ်တယ်။“

အာရစ္စတိုတယ်(ဂရိတွေးခေါ်ပညာရှင်)


”လူဟာဆင်ခြင်ဥာဏ်ရှိတဲ့ သတ္တ၀ါ ... လို့ ပြောကြတယ်။ ဒီအဆို မှန်ကန်ရဲ့လားလို့ သက်သေ အထောက်အထားတွေ ရှာကြည့်ခဲ့ဖူးပါတယ်။ အာရှ၊ ဥရောပ အစရှိတဲ့ တိုက်ကြီးတွေပေါ်က နိုင်ငံအများအပြားမှာ လည်း ရှာဖွေကြည့်တယ်။ ဒါပေမယ့် လူ့ လောကကြီးဟာ မိုက်မဲ ရူးသွပ်ခြင်းဆီ ကိုပဲ အဟုန်ပြင်းစွာနဲ့ ရွေ့ ရှားနေတာကိုပဲ တွေ့နေရတယ်။ ရက်စက်ခြင်းတွေ၊ နိုင်လိုမင်းထက်ပြုခြင်းတွေ၊ အယူသီးစွာနဲ့ ပြုမူနေခြင်းတွေ တိုးသည်ထက်တိုးလာတာကိုပဲ တွေ့နေရတယ်။ လူ့ရဲ့ အသိဥာဏ် ဆင်ခြင်ဥာဏ်ဟာ အစွဲ ဥပါဒါန်တွေရဲ့ ဖုံးလွှမ်းခြင်းကို ခံနေရတယ်။“

ဘာထရန်ရပ်ဆယ်(ဒသနဆရာကြီး)


လူတွေဟာ စဉ်းစားဥာဏ်ရှိခြင်း၊ မရှိခြင်းအပေါ် ဆရာကြီးတွေရဲ့အမြင်ပါ။ စာရူ့ သူရဲ့ အမြင်လေးတွေ ရှိရင်လည်းပြောပြနိုင်ပါတယ်။

2 comments:

ရွက်ဝါ said...

ကျွန်တော်အမြင်ရေးရရင် တော်တော်ရှည်မယ်ဗျ။ လူတွေမှာစဉ်းစားဆင်ခြင်ဉာဏ်ရှိပါတယ်။ အားကောင်းတာနဲ့ မကောင်းတာကွာပါလိမ္မယ်။ မြေတောင်မြှေက်ခံရတာနဲ့ ပိတ်ပင်ခံရတာလည်းကွာနိုင်ပါတယ်။ စဉ်းစားတာဝါသနာပါတဲ့လူမှာ မေးခွန်းတွေအမြဲ ရှိနေမှာပါ။ အဲဒီမေးခွန်းတွေကို ရိုးသားစွာ ဖြေကြားခြင်း၊ အားပေးခြင်းဖြင့်သာ လူသားတို့ရဲ့ စဉ်းစားဉာဏ်ကို မြေတောင်မြှေက်ပေး ရာရောက်မှာပါ။ မေးခွန်းတွေကို အကြာင်းအမျိုးမျိုးပြပိတ်ပင်နေရင်တော့ အဲဒီအယူဝါဒ (ဆရာသမား) ဟာ မရိုးသားသော ၀ါဒ (လူ)၊ လူ့စဉ်းစားဆင် ဉာဏ်တွေကိုတုန်းစေသော ၀ါဒ (လူ)၊ လူ့လောကရဲ့ ရန်သူလို့ မြင်တယ်။ သူတို့ပေးတတ်တဲ့ အကြောင်းပြချက်က များသောအားဖြင့် "ဒီအကြောင်းအရာဟာ လူသားတို့ အသိဉာဏ်မှ လွန်မြောက်တယ်။ လူသားတို့ နားမလည်နိုင်" ဆိုတဲ့စကားမျိုးတွေ ဖြစ်တတ်ပါတယ်။

Unknown said...

လူတိုင်းရှိလိမ့်မယ်လို့ အကြွင်းမဲ့ယုံပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဥာဏ်ကို သုံးတတ်မသုံးတတ်ဘဲ ကွာခြားပေလိမ့်မယ်။

မြန်မာစံတော်ချိန်

Calendar


Recent Comments