October 11, 2007

ရှေ့ကရပ်သူ



ပူလောင်ခြင်းမီးတွေ

များပြားတဲ့လောကကြီး

လောဘမီး၊ ဒေါသမီး

သောကမီး၊ မောဟမီး

ဒုက္ခပင်လယ်မီးတွေ

ဘယ်လိုရင်ဆိုင်ရမလဲ - - -

ဘ၀အခက်ခဲတွေ

များပြားတဲ့လောကကြီး

နေမှု၊ ထိုင်မှု

စားမှု၊ သောက်မှု

အ၀တ်တန်ဆာဆင်ယဉ်မှုတွေ

ဘယ်လိုရင်ဆိုင်ရမလဲ - - -

အတိုက်အခိုက်တွေ

များပြားတဲ့လောကကြီး

တစ်ဦးက တစ်ဦးကိုမနာလို

ကြီးသူက ငယ်သူကိုအနိုင်ကျင့်

တစ်ဖွဲ့ကတစ်ဖွဲ့ကိုအကြမ်းဖက်

ငြိမ်းချမ်းသာယာတဲ့ဘ၀ကို

ဘယ်လိုရယူမလဲ - - -

ပူလောင်ခြင်းမီးတွေ

ဘ၀အခက်ခဲတွေ

အတိုက်အခိုက်တွေ

ဘယ်လောက်များများ

မေတ္တာနဲ့လွှမ်းခြုံ

ဂရုဏာနဲ့ပြုစု

အကြင်နာနဲ့ကာကွယ်

ရှေ့ကရပ်တည်ပေးသူက

အစားထိုးမရတဲ့

အနန္တကျေးဇူးရှင်အမေပါပဲ - - -


1 comments:

မေပျို said...

အကို့ရဲ့ရှေ့ကရပ်သူကဗျာကိုဖတ်ပြီးတော့ မေမေ့ကိုတောင် လွမ်းသွားသေးတယ်။ ဒါပေမယ့် ချက်ချင်းအလွမ်းပြေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေကသဲရဲ့ဘေးနားမှာ စာရိုက်နေတာကို....:-)

မြန်မာစံတော်ချိန်

Calendar


Recent Comments