December 12, 2007

သူလည်းမှန် ကိုယ်လည်းမှန်

လူနှစ်ဦး ခိုက်ရန်ဖြစ်သည့်ကိစ္စ ဖြေရှင်းပေးရန် ဘုန်းကြီးတစ်ပါးထံ ရောက်လာကြပါသည်။ ပထမလူက သူ့ဘက်က သူ့အမြင်ကို ပြောပြပါသည်။ ဘုန်းကြီးက ခေါင်းညိတ်ရင်း “ခင်ဗျား မှန်တယ်” ဟု ပြောပါသည်။
အခြားလူကလည်း သူ့ဘက်က သူ့အမြင်ကို တင်ပြပြန်ပါသည်။ ဘုန်းကြီးက တစ်ဖန် ခေါင်းညိတ်ပြရင်း “ခင်ဗျားမှန်တယ်” ဟုပြောပါသည်။
ပထမလူက မကျေမနပ်ဖြင့် “ဘုန်းကြီး-ကျွန်တော်တို့ နှစ်ယောက်လုံး မှန်တယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟုပြောလိုက်ပါသည်။
ဘုန်းကြီး၏ မျက်လုံးများသည် ထိုသူ၏ စကားကို သဘောကျသဖြင့် အရောက်များပင် တောက်ပလာပါသည်။ ထို့နောက် ပြုံးပြုံးကြီးလုပ်ပြီး “ ခင်ဗျားလည်း မှန်တယ်ဆိုတာ ခင်ဗျားသိပါတယ်” ဟုပြောလိုက်ပါသည်။

2 comments:

သဇင်ဏီ said...

မှန်တယ်.. လူတိုင်းကတော့ ကိုယ့်ကိုကိုယ်မှန်တယ်လို့ ထင်နေကြတာပဲနော့...

MELODYMAUNG said...

ဒါဆို နာလဲ မှန်တယ်နော် ရွာသားရေ :P

မြန်မာစံတော်ချိန်

Calendar


Recent Comments