January 10, 2008

ဒါကိုမဖတ်ပါနဲ့

ဒါကိုမဖတ်ပါနဲ့

တို့ ကြိုပြောထားမယ်နော် ....

ဒါကို မဖတ်ပါနဲ့လို့ .....

မင်း အစက

ကျော်သွားမလို့ပဲ မဟုတ်လား .....

ဘာလို့လာပြီး ဖတ်နေတာလဲ .....

တော်တော့လေဗျာ

ဆက်ဖတ်နေရင်

သက်သက်အချိန်ကုန်တာပဲရှိမယ်

ဒီမှာတင်ရပ်မယ်ဆိုရင်

မင်း အချိန်ကုန်သက်သာမယ် ....

ဘယ်လိုလဲ ........

မတော်သေးဘူးလား .........

အခုဆိုရင်တစ်ဝက်နီးပါးတောင်ရောက်နေပြီ

မင်း ဆက်ဖတ်နေတုန်းပါလား............

တို့သိတယ်နော်..............

မင်းမဖတ်ဘဲ မနေနိုင်တော့ပါဘူး ......

ဘယ်လို.........နေနိုင်တယ် ဟုတ်လား ......

မနေနိုင်ပါဘူးတွေ့လား ..........

မင်း မှန်တယ် ..........

ဒါ ဆက်ဖတ်လို့

ဘာထူးလာမယ်ထင်လဲ. ..............

ဘာမှမထူးပါဘူး .............

နောက်ထပ်နည်းနည်းလေးဘဲ ကျန်တော့တယ် .........

မင်းကိုယ်ကိုယ်ကို

ထိန်းနိုင်တဲ့ စွမ်းအားရှိကြောင်း

ပြတဲ့အနေနဲ့ ရပ်လိုက်စမ်းပါ ....

မရပ်နိုင်ဘူးကြည့်

နောက်ဆုံး စာလုံးအထိရောက်အောင်

အချိန်ကုန်ခံဖတ်ပြီးမှရပ်မှာ

ဟုတ်တယ် မဟုတ်လား .........

စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ .............

လူတိုင်း ဒီလိုပါပဲ ...............

ဟဲ ဟဲ ဟဲ ဟုတ်တယ်ဟုတ်

ဒီပို့စ်လေးက မေကိုရေးထားတာပါ မေကိုကို ဘလော့မှာ တင်ထားပြီးသားပါခင်ဗျာ ကျွန်တော့်ဘလော့မှာ ထပ်တင်ဖို့ ခွင့်ပြုပေးသော မေကို အားကျေးဇူးတင်ပါတယ်နော်

6 comments:

Pinkgold said...

အင်း ဆိုက်ကိုဥုံး ထားတာပဲ ကောင်းပါတယ် ကောင်းပါတယ်

su wai said...

ဒါကိုမဖတ်ပါနဲ့ … လို့ ပြောနေတဲ့ကြားထဲက ဖတ်လိုက်တာ `ဟဲ ဟဲ ဟဲ … ဟုတ်တယ်ဟုတ်´ဆိုမှပဲ ရပ်ဖြစ်တော့တယ်။ မဖတ်နဲ့ဆိုရင် ပိုဖတ်ချင်တတ်တာ၊ မလုပ်နဲ့ဆိုရင် ပိုလုပ်ချင်တတ်တာ လူ့စိတ်ရဲ့ သဘာဝပဲ ထင်တယ်နော် …။ တချို့မိဘတွေဆိုရင်လဲ ဒီသဘောကို မသိတော့ သားသမီးကို လိုတာထက်ပိုပြီး ချုပ်ချယ်တတ်ကြတယ်။ တကယ်တော့ တချို့အရာတွေက မသိလိုက် မသိဘာသာ ထားလိုက်ရင် သူ့အလိုလို ပြီးသွားတတ်တာမျိုးပါပဲ။ ဘာမှတော့ မဟုတ်ပါဘူး … ကိုလင်းလင်း ပြန်တင်ပေးထားတဲ့ ပို့စ်လေးကို ဖတ်ပြီး လျှောက်တွေးကြည့်လိုက်တာပါ … ။

kthuyein said...

မဖတ်နဲ့ပြောလို့ ဖတ်ဖြစ်အောင်ကို ဖတ်သွားတယ်။ ဘာလို့လဲ ဆိုတော့ လူဖြစ်နေလို့ ... ဗျို့။

Chaos said...

အငိုက်မိပီးအဆုံးထိရောက်သွားလယ်
မိုက်တယ် အတွေးလေး

သဇင်ဏီ said...

မဖတ်နဲ့ဆိုပိုဖတ်ချင်တယ်..အဆုံးထိကိုဖတ်သွားတယ်..
ဘာဖြစ်လဲ..ဟွန့်..ဖတ်တယ်
ခွိခွိ

မင်းကျန်စစ်။ said...

မဖတ်နဲ့ ပြောလည်း ဖတ်တယ်ကွာ။ ကွန်မက်မရေးနဲ့ ပြောလည်း ရေးသွားတယ်ကွာ :D

မြန်မာစံတော်ချိန်

Calendar


Recent Comments