March 13, 2008

ဇနီးမောင်နှံများ

စကားများရန်ဖြစ်ကြသည့် ဇနီးမောင်နှံများ ရိုးမြေကျအောင် ပေါင်းသင်းကြရဆို

ဇနီးမောင်နှံများ အားလုံးစကားများ ရန်ဖြစ်ကြသည်မှာ အဆန်း တကြယ် မဟုတ်ပေ။ အချို့ ဇနီးမောင်နှံများဆိုလျှင် မကြာခဏ စကားများ ရန်ဖြစ်တတ်ကြသည်။ သို့သော်လည်း ဇနီးမောင်နှံ အများအပြားမှာ ပို၍စကားများ ရန်ဖြစ်ကြလေလေ ပို၍ရိုးမြေကျအောင် ပေါင်းသင်ကြလေလေ ဖြစ်ကြရာ ဘဝ တစ်သက်တာ ပေါင်းသင်းကြသော ဇနီးမောင်နှံများကို လေ့လာရန်မှာ အံ့သြစရာဖြစ်ဖွယ်ရှိသည်။

ဒေါသကို ချုပ်တည်းမျိုသိပ်ကြသော ဇနီးမောင်နှံများ၏ သေဆုံးနှုန်းသည် အိမ်ထောင်ဖက် တစ်ဦးထက်မနည်း သေဆုံးနှုန်းထက် နှစ်ဆမျှဖြစ်သည်ကို အမေရိကန်ပြည်ထောင်စု၌ ဇနီးမောင်နှံစုံတွဲ ၁၉၂ တွဲကို ၁၇ နှစ်ကြာလေ့လာ သိရှိခဲ့ရသည်ဟု ဆိုသည်။
အဓိကမှာ အချင်းများကြသည့်အခါ ထိုအချင်းများမှုကို မည်သို့ ဖြေရှင်းမည်ဆိုခြင်းဖြစ်သည်ဟု မီချီကန်တက္ကသိုလ် သုတေသန အဖွဲ့ခေါင်းဆောင် အန်းနက်စဟာဘာဂ်က ပြောဆိုသည်။ ဒေါသဖြစ်သည့်အခါ မျိုသိပ်မထားဘဲ ပေါက်ကွဲ ထွက်လိုက်ခြင်းသည် ကျန်းမားရေး အတွက်ကောင်းကြောင်းကို ထပ်မံလေ့လာ တွေ့ရှိခဲ့သည်ဟု သိရသည်။ ဒေါသကို ဖော်ထုတ်လိုက်သူ တစ်ဦးချင်းသည် အခြေအနေတစ်ရပ်အပေါ် ထိန်းချုပ်နိုင်သည့်အပြင် အခြေအနေကို အကောင်းရှုမြင် သုံးသပ်နိုင်သည်ဟု ဆိုသည်။

1 comments:

စိုးထက် - Soe Htet ! said...

စိတ်ထိန်းတော့ အိမ်ထောင်ရေး ပို အဆင်ပြေပါတယ် ... စိတ်ကို သေသေချာချာ ငြိမ်အောင် ထိန်းနိုင်ဖို့ က အဓိက ထင်ပါတယ် ...

မြန်မာစံတော်ချိန်

Calendar


Recent Comments