လူနှစ်ဦး ခိုက်ရန်ဖြစ်သည့်ကိစ္စ ဖြေရှင်းပေးရန် ဘုန်းကြီးတစ်ပါးထံ ရောက်လာကြပါသည်။ ပထမလူက သူ့ဘက်က သူ့အမြင်ကို ပြောပြပါသည်။ ဘုန်းကြီးက ခေါင်းညိတ်ရင်း “ခင်ဗျား မှန်တယ်” ဟု ပြောပါသည်။
အခြားလူကလည်း သူ့ဘက်က သူ့အမြင်ကို တင်ပြပြန်ပါသည်။ ဘုန်းကြီးက တစ်ဖန် ခေါင်းညိတ်ပြရင်း “ခင်ဗျားမှန်တယ်” ဟုပြောပါသည်။
ပထမလူက မကျေမနပ်ဖြင့် “ဘုန်းကြီး-ကျွန်တော်တို့ နှစ်ယောက်လုံး မှန်တယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟုပြောလိုက်ပါသည်။
ဘုန်းကြီး၏ မျက်လုံးများသည် ထိုသူ၏ စကားကို သဘောကျသဖြင့် အရောက်များပင် တောက်ပလာပါသည်။ ထို့နောက် ပြုံးပြုံးကြီးလုပ်ပြီး “ ခင်ဗျားလည်း မှန်တယ်ဆိုတာ ခင်ဗျားသိပါတယ်” ဟုပြောလိုက်ပါသည်။

2 comments:
မှန်တယ်.. လူတိုင်းကတော့ ကိုယ့်ကိုကိုယ်မှန်တယ်လို့ ထင်နေကြတာပဲနော့...
ဒါဆို နာလဲ မှန်တယ်နော် ရွာသားရေ :P
Post a Comment