ပန်းတစ်ပွင့်ကို
အနမ်းလေး ခိုးပေးလိုက်ချင်တယ်။ ။
ဒါပေမယ့်
စိတ်ကူးနဲ့ မ၀ံ့မရဲသာ။ ။
တိတ်တခိုးနဲ့ အိပ်မက်တစ်ခုမှာ
ချိုမြိန်စွာ ချစ်ခွင့်ပန်
အနားတိုး ရှက်ပြုံးလေးထဲ
တော်တော်လေး ပျော်ဝင်မိပါရဲ့။ ။
ခုတော့...
ဟိုး အမြင့်ကပန်းကို
အခွင့်လမ်းမဲ့နေတာ
ငါ...ရင်ထဲ နာသလိုပဲ
သြော်... အကြိမ်ကြိမ်ပါပဲလေ
မ၀ံ့မရဲနဲ့ကိုး။ ။
မှတ်ချက်။ ။ဒီကဗျာလေးကို ညီငယ်သားဖြိုးက ကျွန်တော့ အတွက် အမှတ်တရ ရေးပေးထားခြင်းဖြစ်ပါသည်။
March 10, 2008
တိတ်တခိုး
Posted by Villager at 2:36:00 AM
Subscribe to:
Post Comments (Atom)
1 comments:
Version ပြောင်းထားတယ်ဗျို့ 
လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။
မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။
ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ
လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ
Post a Comment