March 22, 2008

ရုပ်စုံကျောင်းလေး

စစ်ကိုင်းတောင်ရိုး အရိယာဝံသချောင်ရှိ ရုပ်စုံကျောင်းလေး

ရုပ်စုံကျောင်းလေးသည် စစ်ကိုင်းတောင်ရိုး တောင်ဆင်းလမ်းဘေးရှိ အရိယာဝံသချောင်တွင် တည်ရှိပါသည်။ ဒီကျောင်းလေးသည် ရှေးအရင်ကတည်းကတိုင် တည်ရှိနေသော်လည်း ပျက်စီးခြင်း၊ မြင်သာ ထင်သာသော နေရာတွင် မရှိခြင်းတို့ကြောင့် လူသိနည်းပါးပါသည်။ ယခု အခါ ဒီကျောင်းလေးကို ပြန်လည်ပြုပြင်ပြီးသည့်အပြင် မြင်သာအောင်လည်း သစ်ပင် ချုံနွယ်များကို ရှင်းလင်းထားပါသည်။


မြန်မာပြည်တွင် ရုပ်စုံကျောင်းများ ရှိကြပါသည်။ ကျွန်တော်သိသော ရုပ်စုံကျောင်းမှာ စလေ ရုပ်စုံကျောင်း၊ မန္တလေးမြို့ ၆၂ လမ်းရှိ အတုမရှိ ရုပ်စုံကျောင်း၊ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ရှိ ရုပ်စုံကျောင်း နှင့် ယခု ရုပ်စုံကျောင်းလေးတို့ ဖြစ်ပါသည်။ ကျန်ရှိနေသေးရင်လည်း ပြောကြားပေးကြပါလို့ တောင်းဆို အပ်ပါသည်။ မြန်မာတို့ရဲ့ ရှေးလက်ယာ ရုပ်စုံကျောင်းလေးကို လာရောက်ကြည့်ရူ့ လေ့လာနိုင်ကြပါစေခင်ဗျာ။ ရုပ်စုံကျောင်းလေးရဲ့ ပုံလေးများကို အောက်တွင် Scroll Box ဖြင့်ဖေါ်ပြပေးထားပါသည်။



ပုံ(၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)

ပုံ(၅)

ပုံ(၆)

ပုံ(၇)

ပုံ(၈)

ပုံ(၉)

ပုံ(၁၀)

ပုံ(၁၁)

ပုံ(၁၂)

ပုံ(၁၃)

ပုံ(၁၄)

ပုံ(၁၅)

ပုံ(၁၆)

ပုံ(၁၇)

ပုံ(၁၈)

ပုံ(၁၉)

ပုံ(၂၀)

ပုံ(၂၁)

ပုံ(၂၂)



Read More...(ဆက်လက်ဖတ်ရန်)

March 15, 2008

ကဗျာ (၁၆)

တိတ်တခိုး (new version)

လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။

မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။

ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ။

လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ။

ဒီကဗျာလေးကို ကိုဂျေ မှ တိတ်တခိုးကဗျာလေး ဖတ်ပြီး Comment မှာ Version ပြောင်း၍ အမှတ်တရ ရေးသားထားခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသားချိန် (၁၅)မိနစ်ပဲကြာပါသတဲ့ ခင်ဗျာ။ နောက်ဘာမှ Edit မလုပ်တော့ပဲ ဒီအတိုင်းလေးပဲ ထားလိုက်တော့ခြင်း ဖြစ်ပါတယ်။

Read More...(ဆက်လက်ဖတ်ရန်)

ဟာသ(၃)

အထီးအမခွဲခြားနည်း

“မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။”
“အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ”

Read More...(ဆက်လက်ဖတ်ရန်)

March 13, 2008

ဇနီးမောင်နှံများ

စကားများရန်ဖြစ်ကြသည့် ဇနီးမောင်နှံများ ရိုးမြေကျအောင် ပေါင်းသင်းကြရဆို

ဇနီးမောင်နှံများ အားလုံးစကားများ ရန်ဖြစ်ကြသည်မှာ အဆန်း တကြယ် မဟုတ်ပေ။ အချို့ ဇနီးမောင်နှံများဆိုလျှင် မကြာခဏ စကားများ ရန်ဖြစ်တတ်ကြသည်။ သို့သော်လည်း ဇနီးမောင်နှံ အများအပြားမှာ ပို၍စကားများ ရန်ဖြစ်ကြလေလေ ပို၍ရိုးမြေကျအောင် ပေါင်းသင်ကြလေလေ ဖြစ်ကြရာ ဘဝ တစ်သက်တာ ပေါင်းသင်းကြသော ဇနီးမောင်နှံများကို လေ့လာရန်မှာ အံ့သြစရာဖြစ်ဖွယ်ရှိသည်။

ဒေါသကို ချုပ်တည်းမျိုသိပ်ကြသော ဇနီးမောင်နှံများ၏ သေဆုံးနှုန်းသည် အိမ်ထောင်ဖက် တစ်ဦးထက်မနည်း သေဆုံးနှုန်းထက် နှစ်ဆမျှဖြစ်သည်ကို အမေရိကန်ပြည်ထောင်စု၌ ဇနီးမောင်နှံစုံတွဲ ၁၉၂ တွဲကို ၁၇ နှစ်ကြာလေ့လာ သိရှိခဲ့ရသည်ဟု ဆိုသည်။
အဓိကမှာ အချင်းများကြသည့်အခါ ထိုအချင်းများမှုကို မည်သို့ ဖြေရှင်းမည်ဆိုခြင်းဖြစ်သည်ဟု မီချီကန်တက္ကသိုလ် သုတေသန အဖွဲ့ခေါင်းဆောင် အန်းနက်စဟာဘာဂ်က ပြောဆိုသည်။ ဒေါသဖြစ်သည့်အခါ မျိုသိပ်မထားဘဲ ပေါက်ကွဲ ထွက်လိုက်ခြင်းသည် ကျန်းမားရေး အတွက်ကောင်းကြောင်းကို ထပ်မံလေ့လာ တွေ့ရှိခဲ့သည်ဟု သိရသည်။ ဒေါသကို ဖော်ထုတ်လိုက်သူ တစ်ဦးချင်းသည် အခြေအနေတစ်ရပ်အပေါ် ထိန်းချုပ်နိုင်သည့်အပြင် အခြေအနေကို အကောင်းရှုမြင် သုံးသပ်နိုင်သည်ဟု ဆိုသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 12, 2008

ဖြန့်ထွက်တွေးခြင်း

ကြားဖူးသော ပုံပြင်လေးတပုဒ်ရှိပါသည်။ မိန်းမလှလေးနှင့် ငွေချေးသူ ရဟူဒီ အဘိုးကြီး တစ်ယောက်အကြောင်းဖြစ်သည်။ မိန်းမလှလေး၏ အဖေမှာ ကုန်သည်တယောက် ဖြစ်သည်။ အဘိုးကြီးဆီမှ ငွေချေး၍ ကုန်ကူးရာ ကုန်ရှုံးပြီး၊ ချေးငွေ မဆပ်နိုင်။ ရဟူဒီကြီးက မိန်းမလှလေးကို အကြွေးနှင့် သိမ်းချင်၍ ဥာဏ်ဆင်ပုံမှာ ကျောက်ခဲ အဖြူ အမဲ ရွေးချယ်ရမည်။
(၁) ကျောက်ခဲအဖြူရွေးနိုင်လျှင် အကြွေးလျော်မည်၊ ကောင်မလေးကို ဘာမှမလုပ်။
(၂) အမဲရွေးမိလျင် အကြွေးတော့လျော်မည်၊ ကောင်မလေးကတော့ သူ့ကိုယူရမည်။
(၃) ဘယ်ဟာမှ မရွေးဘဲ ခေါင်းမာလျှင်မူ ဖအေကြီးကို တရားစွဲ ထောင်ချမည်။ စသည်ဖြင့်ဖြစ်သည်။

ကောင်မလေးက ကျောက်ခဲရွေးပွဲ လုပ်ရန် သဘောတူလိုက်သည်။ ကျောက်ခဲ ရွေးပွဲမှာ ရဟုဒီကြီး၏ ဥယျာဉ်အတွင်း ကျောက်စရစ်ခင်းထားသော လမ်းပေါ်မှာ ဖြစ်သည်။ ရဟူဒီကြီးက အိတ်တစ်လုံးယူ၍ အလစ်မှာ ကျောက်ခဲ အမဲနှစ်လုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး “ ကဲ-ရွေးပေတော့” ဟု မိန်းမပျိုလေးကို ပြောသည်။ ကောင်မလေးက ရဟူဒီကြီး ကျောက်ခဲ အမဲနှစ်လုံးထည့်လိုက်တာကို မြင်လိုက်သည်။ ကောင်မလေး ဘာလုပ်မလဲ၊ စဉ်းစားကြည့်ပါ၊ သမားရိုးကျ တွေးရိုးတွေးစဉ် အတိုင်း ဆိုလျှင် ကောင်မလေး လွတ်လမ်းမရှိ။
ကောင်မလေး၌ ရွေးစရာ လမ်း (၃) သွယ် ရှိသည်။ (၁) ကျောက်ခဲ မရွေးတော့ ဟု ငြင်းမည်။ (၂) ကောင်မလေး ရဟူဒီကြီး မတရားပုံကို ဖေါ်ထုတ်မည်။ (၃) ကျောက်ခဲအမဲကို သိလျက်ရွေးလိုက်ပြီး ဖအေကြီးကို ကယ်တင်မည်။ ဘယ်လမ်းဖြစ်ဖြစ် မကောင်းပါ။
သာမန်အတွေးက ရွေးချယ်ခြင်း အပေါ်မှာ စဉ်းစားသည်။ ကောင်မလေးကတော့ ရွေးသော ကျောက်ခဲ အပေါ် မစဉ်းစား၊ အခြားတစ်ဘက်မှလှည့်၍ စဉ်းစားလေသည်။ ကျန်ရှိသော ကျောက်ခဲကို စဉ်းစားသည်။ ကောင်မလေးက အိတ်ထဲမှ ကျောက်ခဲကို ယူလိုက်ပြီး ခြေချော်လှဲလိုက်၍ လမ်းပေါ်မှ အခြားကျောက်ခဲများထဲသို့ ရော၍ အသာပစ်ချလိုက်သည်။ ရဟူဒီကြီးက အံ့အားသင့်၍ လက်ထဲမှ ကျောက်ခဲကို မေးသော အခါတွင်မူ “လက်ထဲမှာ ကျောက်ခဲမရှိတော့ဘူး၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ အိတ်ထဲက ကျောက်ခဲကိုကြည့်ပေါ့။ အိတ်ထဲက ကျောက်ခဲက အမဲရောင်ဆိုရင် ကျွန်မရွေးတာ အဖြူပေါ့” ဟုဖြေလိုက်သည်။ လက်ထဲမှ ကျောက်ခဲကို ဗဟိုမပြုဘဲ ကျန်ရစ်မည့်ကျောက်ခဲကို ဦးတည်၍ တွေးသောကြောင့် အဘိုးကြီးလက်မှ လွတ်ရသည်။
မှတ်ချက်။ ။ ဒီပုံပြင်လေးကို ကျွန်တော်ငယ်ငယ်တုန်းက မကွေးမြို့တွင် ဆရာကြီး ဦးအောင်သင်း စာပေဟောပြောပွဲတွင် ပြောကြား၍ ကြားဖူးထားပါသည်။ ဆရာကြီးကလည်း တွေးပုံ၊တွေးနည်းတွေနဲ့ သေချာပြောပြတော့ အရမ်းနှစ်သက် သဘောကျခဲ့ပါသည်။ အခု တခါ ကိုတာရဲ့ ဖြန့်ထွက်တွေးခြင်း စာအုပ်မှာ ပြန်လည် ဖတ်မိသောကြောင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 10, 2008

တိတ်တခိုး

ပန်းတစ်ပွင့်ကို
အနမ်းလေး ခိုးပေးလိုက်ချင်တယ်။ ။
ဒါပေမယ့်
စိတ်ကူးနဲ့ မ၀ံ့မရဲသာ။ ။
တိတ်တခိုးနဲ့ အိပ်မက်တစ်ခုမှာ
ချိုမြိန်စွာ ချစ်ခွင့်ပန်
အနားတိုး ရှက်ပြုံးလေးထဲ
တော်တော်လေး ပျော်ဝင်မိပါရဲ့။ ။
ခုတော့...
ဟိုး အမြင့်ကပန်းကို
အခွင့်လမ်းမဲ့နေတာ
ငါ...ရင်ထဲ နာသလိုပဲ
သြော်... အကြိမ်ကြိမ်ပါပဲလေ
မ၀ံ့မရဲနဲ့ကိုး။ ။
မှတ်ချက်။ ။ဒီကဗျာလေးကို ညီငယ်သားဖြိုးက ကျွန်တော့ အတွက် အမှတ်တရ ရေးပေးထားခြင်းဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 7, 2008

မန်းရွှေစက်တော်ဘုရား


ပထမ စေတီတော်

မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ပီး မြန်မာနှစ်ဆန်း (၁)ရက် ထိ ကျင်းပပါသည်။
ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ယခုအခါ မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး နားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသောလည်း သွားရေးလာရေး အဆင်ပြေပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူ ခဲ့သော နေရာဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ချထားတော်မူသော ခြေတော်ရာ အစစ်များရှိသောကြောင့် လာရောက်ဖူးမျှော် သင့်သလို အညာဒေသ၏ ဖုန်များ၊ ပူအိုက်သော ရာသီဥတုနှင့် အဆင်ပြေအောင် ပျော်ရွှင်စွာရေကစား ရေချိုးနိုင်သော မန်းချောင်း ရှိသောကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တခါ တခေါက်တော့ဖြင့် ဘုရားဖူးရင်း၊ ရေကစားရင်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။



ခြေတော်ရာ



အောက်စက်တော်ရာ ညရှုခင်း



























ပျော်ရွှင်ဖွယ်ရေကစားနေကြပုံ

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments