September 10, 2007

ထမင်းစားပြီးရင်ရေအေးသောက်လေ့ရှိပါသလား

ထမင်းစားရေသောက်ဆိုတဲ့ စကားဝိုင်း ထမင်းစားပြီးရင် ရေသောက်လေ့ ရှိကြပါသည်။ ထမင်းစားပြီး ရေသောက်တာဟာ ပြဿနာလို့ ဘယ်တုန်းကမှ မယူဆ ခဲ့ကြပါဘူး။ အခုတော့ ထမင်းစားပြီး ရေသောက်ခြင်းဟာ ကင်ဆာ ဖြစ်နိုင်တယ်လို့ ပြောလာပါပြီ။ ကျွန်တော်ဆီကို E-mail ကရောက်လာတဲ့ သတိပေးချက် တစ်ခုကို ဖတ်လိုက်ရလို့ ကျွန်တော်လို ရေအေးကြိုက်သူများ အတွက် လက်ဆင့်ကမ်း လိုက်ပါတယ်။

အစာစားပြီး ရေအေးအေးတစ်ခွက် သောက်လိုက်ရတာ တကယ့်စည်းစိမ် တစ်ခုပါပဲ။ ဒါပေမယ့် အဲဒီ ရေအေးအေးက ကိုယ်စားလိုက်တဲ့ အစားစာ ထဲမှာ အဆီဓါတ်များ ပါခဲ့ရင် ခဲသွားစေ နိုင်ပါတယ်။ အဲဒီ လိုဆိုရင်တော့ အစာ ချေချက်ခြင်းကို နှောင့်နှေး စေမှာပါ။

ပြီးတော့ အဲဒီ ခဲသွားတဲ့ အဆီတွေက ခန္ဓာကိုယ်ထဲမှာရှိနှင့်နေတဲ့ အက်ဆစ်နဲ့ ဓါတ်ပြုပြီး အူရဲ့လျင်မြန်စွာ စုပ်ယူမှုကို ခံရပါတော့တယ်။ အဲဒီတော့ အူထဲကို ရောက်သွားပြီပေါ့။ သိပ်မကြာခင်မှာပဲ အဆီစုအဖြစ် ပြောင်းလဲသွားပြီး ကင်ဆာ ဖြစ်နိုင်ခြေဆီကို ဦးတည် သွားပါတော့တယ်။ ဒါကြောင့် အစာစားပြီးရင် စွပ်ပြုတ်ပူပူ တစ်ခွက် ဒါမှမဟုတ်ရင် ရေနွေးတစ်ခွက်ပဲ သောက်သင့်တယ်လို့ အကြံပြုပါရစေ။ ( စိုးမြင့်သန်း၊ ရွှေမန္တလေးဂျာနယ်)မှ

3 comments:

tayzar said...

ကျေးဇူးပါဗျာ ဒီပို့စ် အတွက် ကျွန်တော့်အကျင့်တွေ အရင်ဖျောက်လိုက်ဦးမယ်

khainglayphyu said...

ကျေးဇူးပါရှင်
ခိုင်လည်းထမင်းစားပြီးရင်ရေအေးအေးလေး
သောက်လိုက်ရမှပြည့်စုံသွားသလိုခံစားရတယ်လေ..
ဒါကြောင့်ထမင်းစားပြီးရေသောက်လေ့ရှိတယ်..
ဒီပို့စ်လေးဖတ်ဖြစ်သွားတော့ခိုင်ဆင်ခြင်နိုင်တာပေါ့..
Thanks a lot.

Winkabar said...

နောက်ဆိုရေအေးမသောက်တော့ဘူး။
ရေနွေးပဲသောက်တော့မယ်။
ဆင်ခြင်လို့ရအောင်ပြောပြတာကျေးဇူးပါ။

မြန်မာစံတော်ချိန်

Calendar


Recent Comments