March 29, 2008

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း (ယောင်ခြင်း) မှာ အိပ်နေစဉ် အိပ်နေသူက ခန္ဓာကိုယ်ပြုမူ လှုပ်ရှားမှုဖြစ်ခြင်းနှင့် အသံထွက်၍ ပြောဆိုခြင်း တို့ ဖြစ်ပါသည်။ အိပ်နေသူက အိပ်ယာထ၍ ရေသောက်ပြီး ပြန်အိပ်သွားတတ်ခြင်း၊ အိပ်ယာထ၍ လမ်းလျှောက်ပြီး ပြန်အိပ်သွားခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ခြင်းမှာ ခန္ဓာကိုယ်ပြုမူလှုပ်ရှား၍ ယောင်ခြင်း ဖြစ်ပါသည်။

အိပ်နေစဉ် ပါးစပ်က စကားတွေပြောနေခြင်း၊ ညည်းတွားနေခြင်း စသည်ဖြင့် အမျိုးမျိုးပြောဆိုခြင်းမှာ အသံထွက်ပြောဆိုပြီး ယောင်ခြင်းသည် အသံထွက်၍ ပြောဆို ယောင်ခြင်းဖြစ်ပါသည်။ စကားပြောဆို အသံထွက်၍ယောင်ခြင်းမှာ ရေ၊ ရေ လို့တောင်းသောအခါ အနားက တစ်ယောက်ယောက်က ရေယူလာပေးသောအခါ ဘာမှ မသိတော့ပဲ ပြန်လည်အိပ်ပျော်သွားခြင်းမျိုး ဖြစ်ပါသည်။ ညည်းတွားမှုဖြစ်ခြင်းမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှု၊ ကျန်းမာရေး မကောင်းမှု စသည်တို့ကြောင့်ဖြစ်တတ်ပါသည်။ အသံထွက်၍ ယောင်ခြင်း ဖြစ်ပေါ်နေစဉ်မှာ ဘေးလူက အိပ်နေသူ (ယောင်နေသူ) ရဲ့ ခြေမကို ချိုး၍ ယောင်နေသူ၏ အဖြစ်အပျက်များထဲမှ သိချင်သော အကြောင်းအရာများကို မေးလျှင် ပြန်လည်ဖြေကြားသည်ဟု ကြားဖူးပါသည်။ ကိုယ်တိုင် စမ်းသပ်ဖူးခြင်းမရှိပါ။ ကြားဖူးသည်ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
ဘီလူးစီးခြင်း၊ ထမင်းလုံး တစ္ဆေ ခြောက်ခြင်းတို့သည် အိပ်မက်ထဲတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများကို မြင်မက်တတ်ခြင်း ဖြစ်ပါသည်။ အိမ်ခေါင်တိုင်အောက်တွင် အိပ်ခြင်း၊ ပက်လက်လှန်၍အိပ်ခြင်း၊ အိပ်ပုံအိပ်နည်းမမှန်ခြင်း၊ မအိပ်မှီအချိန်ကာလများတွင် ထမင်းလုံးနင်းမိခြင်း စသည်တို့ကြောင့် ထိုသို့ စိတ်လှုပ်ရှားဖွယ်ရာများကို မြင်မက်တတ်ကြသည်ဟု ပြောဆိုကြပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

March 25, 2008

အတွေးအမြင်(၇)

အိပ်စက်ခြင်းနှင့်ဆိုင်သော

သက်ရှိသတ္တ၀ါတိုင်းသည် အိပ်စက်အနားယူခြင်းကို ပြုလုပ်ကြရပါသည်။ အိပ်နေစဉ် အတွင်းမှာ အဖြစ်အပျက် အမျိုးမျိုး၊ ပုံစံမျိုးစုံရှိကြပါသည်။ ထိုအရာ တချို့ကတော့ အိပ်မက်မက်ခြင်း၊ အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း( ယောင်ခြင်း ) ၊ ဘီလူးစီးခြင်း၊ ထမင်းလုံးတစ္ဆေခြောက်ခြင်း စသည်ဖြင့် ရှိကြပါသည်။

အိပ်မက်မက်ခြင်းသည် အဖြစ်များသော၊ လူတိုင်းဖြစ်ဖူးသော အရာတခုဖြစ်ပါသည်။ အကြောင်းအရာ တခုခုကို စွဲလမ်းလို့ပဲဖြစ်ဖြစ်၊ ဘာမှ မဆိုင်ပဲဖြစ်ဖြစ်၊ နိမိတ်ပြအိပ်မက်မျိုးပဲဖြစ်ဖြစ် စသည်ဖြင့် အမျိုးမျိုးမြင်မက်ကြပါသည်။ အိပ်မက်ကို နိမိတ်ယူပြီး အဓိပ္ပာယ်ကောက်သလို တချို့ကလည်း အိပ်မက်ကိုပြောင်းပြန် အဓိပ္ပာယ်ယူရသည်လို့ ပြောကြပါသည်။
အိပ်မက်မက်ခြင်း အကြောင်းနှင့်ဆက်စပ်၍ စဉ်းစားမိသော အကြောင်းအရာရှိပါသည်။ သဘာဝတရားနှင့်ပဲဆိုင်မလား၊ စိတ်ပညာနဲ့ပဲ ဆိုင်မလားတော့ မသိပါဘူး။ ကြံကြံဖန်ဖန် စဉ်းစားမိခြင်းလည်း ဖြစ်ချင်ဖြစ်ပါမည်။ အိပ်မက်မက်နေစဉ်တွင်းမှာ အိပ်မက်မက်နေသူ ကိုယ်တိုင်က လှုပ်ရှားခြင်းနှင့် ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်း တို့ဖြစ်ကြပါသည်။ ဥပမာ အိပ်မက်မက်သူကိုယ်တိုင်က လှုပ်ရှားခြင်းမှာ အိပ်မက်ထဲ၌ တစ်ခုခုကို ခြေထောက်ဖြင့် ကန်တယ်လို့ မြင်မက်ရင် ကိုယ်ခန္ဓာကလည်း လိုက်၍ကန်တတ်ပါသည်။ အဲဒါကတော့ အိပ်မက်မက်သူရဲ့ စိတ်နဲ့ ခန္ဓာ ဆက်စပ်ပြီး ဖြစ်ခြင်းကြောင့် ဖြစ်မည်လို့ ယူဆရပါသည်။ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်းမှာ အိပ်မက်ထဲမှာ တစ်ယောက်ယောက်က ရိုက်တယ်လို့မြင်မက်ရင် အပြင်မှာလည်း တစ်ယောက်ယောက်က၊ သို့မဟုတ် တစ်စုံတစ်ခုက လာရောက်ရိုက်ခြင်းမျိုး ကြုံရတတ်ခြင်း ဖြစ်ပါသည်။ အိပ်မက်ထဲမှာ “၀ုန်း” ဆိုတဲ့ အသံကျယ်ကြီးကြားရတယ်လို့ မြင်မက်ရင် အပြင်မှာလည်း အဲဒီလို အသံမျိုး ဖြစ်ပေါ်တာနဲ့ ကြုံရတတ်ပါသည်။ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုနှင့်ကိုက်ညီခြင်းမှာ အိပ်မက်ကို ပြည့်စုံ ပီပြင်ဖို့ ပတ်ဝန်းကျင်က ဖြည့်ဆည်းပေးသည်လား၊ ဘေးပတ်ဝန်းကျင်ဖြစ်မှာကို အိပ်မက်က ထပ်တူညီအောင် မက်ခြင်းလား ဆိုသည်ကို နားမလည်ပါ၊ ဝေခွဲ၍လည်း မသိပါ။ အုန်းပင်ပေါ်က အုန်းလက်က ဘယ်အချိန်ကျလာမလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပါ။ ထို့အပြင် အိပ်မက်ထဲမှာလည်း “၀ုန်း” ဆိုတဲ့ အသံဖြစ်ပေါ်လာမည်၊ “မည်” လာမည်ကို ဘယ်သူမှ မသိနိုင်ပါ။ သို့ပေမယ့် အိပ်မက်ထဲက “မည်သံ” နဲ့ အုန်းလက်ကျ၍ ထွက်ပေါ်လာသော “မည်သံ” တို့သည် ထပ်တူညီပြီး ဖြစ်ပေါ်တတ်ပါသည်။ ဘယ်လို သဘောတရားမျိုးနှင့် ဆက်စပ်ပြီး ထပ်တူကျအောင် ဖြစ်တတ်သလဲဆိုတာ မသိပါ။ စိတ်ပညာဆိုင်ရာ အရတော့ ရှိချင် ရှိနိုင်ပါသည်။ သေချာမသိသေးသော၊ သိချင်သော၊ တွေးမိ၊ စဉ်းစားမိသော အကြောင်းအရာလေး သက်သက်မျှသာ ဖြစ်ပါသည်။

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments