March 29, 2008

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်စက်ခြင်းနှင့်ဆိုင်သော (၂)

အိပ်နေစဉ် ကယောင်ကတမ်းဖြစ်ခြင်း (ယောင်ခြင်း) မှာ အိပ်နေစဉ် အိပ်နေသူက ခန္ဓာကိုယ်ပြုမူ လှုပ်ရှားမှုဖြစ်ခြင်းနှင့် အသံထွက်၍ ပြောဆိုခြင်း တို့ ဖြစ်ပါသည်။ အိပ်နေသူက အိပ်ယာထ၍ ရေသောက်ပြီး ပြန်အိပ်သွားတတ်ခြင်း၊ အိပ်ယာထ၍ လမ်းလျှောက်ပြီး ပြန်အိပ်သွားခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်ခြင်းမှာ ခန္ဓာကိုယ်ပြုမူလှုပ်ရှား၍ ယောင်ခြင်း ဖြစ်ပါသည်။

အိပ်နေစဉ် ပါးစပ်က စကားတွေပြောနေခြင်း၊ ညည်းတွားနေခြင်း စသည်ဖြင့် အမျိုးမျိုးပြောဆိုခြင်းမှာ အသံထွက်ပြောဆိုပြီး ယောင်ခြင်းသည် အသံထွက်၍ ပြောဆို ယောင်ခြင်းဖြစ်ပါသည်။ စကားပြောဆို အသံထွက်၍ယောင်ခြင်းမှာ ရေ၊ ရေ လို့တောင်းသောအခါ အနားက တစ်ယောက်ယောက်က ရေယူလာပေးသောအခါ ဘာမှ မသိတော့ပဲ ပြန်လည်အိပ်ပျော်သွားခြင်းမျိုး ဖြစ်ပါသည်။ ညည်းတွားမှုဖြစ်ခြင်းမှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှု၊ ကျန်းမာရေး မကောင်းမှု စသည်တို့ကြောင့်ဖြစ်တတ်ပါသည်။ အသံထွက်၍ ယောင်ခြင်း ဖြစ်ပေါ်နေစဉ်မှာ ဘေးလူက အိပ်နေသူ (ယောင်နေသူ) ရဲ့ ခြေမကို ချိုး၍ ယောင်နေသူ၏ အဖြစ်အပျက်များထဲမှ သိချင်သော အကြောင်းအရာများကို မေးလျှင် ပြန်လည်ဖြေကြားသည်ဟု ကြားဖူးပါသည်။ ကိုယ်တိုင် စမ်းသပ်ဖူးခြင်းမရှိပါ။ ကြားဖူးသည်ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
ဘီလူးစီးခြင်း၊ ထမင်းလုံး တစ္ဆေ ခြောက်ခြင်းတို့သည် အိပ်မက်ထဲတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများကို မြင်မက်တတ်ခြင်း ဖြစ်ပါသည်။ အိမ်ခေါင်တိုင်အောက်တွင် အိပ်ခြင်း၊ ပက်လက်လှန်၍အိပ်ခြင်း၊ အိပ်ပုံအိပ်နည်းမမှန်ခြင်း၊ မအိပ်မှီအချိန်ကာလများတွင် ထမင်းလုံးနင်းမိခြင်း စသည်တို့ကြောင့် ထိုသို့ စိတ်လှုပ်ရှားဖွယ်ရာများကို မြင်မက်တတ်ကြသည်ဟု ပြောဆိုကြပါသည်။

0 comments:

မြန်မာစံတော်ချိန်

Calendar


Recent Comments