September 21, 2007

ပညာစကား



Better do a little well, than a great deal badly.

ကောင်းတာလေး (ကုသိုလ်ကောင်းမှုလေး) နည်းနည်းလုပ်တာဟာ… မကောင်းမှု (အကုသိုလ်)တွေ အများကြီး လုပ်တာထက်တော့ ပိုကောင်းတာပေါ့။



There is only one good, that is knowledge; there is only one evil, that is ignorance.

ကောင်းမြတ်ပြီး အကျိုးဖြစ်ထွန်းစေတဲ့အရာက တစ်ခုပဲရှိတယ်။ အဲဒါက အသိဥာဏ်ရှိခြင်းပါပဲ။ ဆိုးရွားပြီး အကျိုးမဲ့ဖြစ်စေတဲ့ အရာလည်း တစ်ခုပဲရှိတယ်။ အဲဒါက အသိဥာဏ်ကင်းမဲ့ခြင်း မိုက်မဲခြင်း ပါပဲ။



Of all knowledge, the wise and good seek most to know themselves.

အသိပညာ အားလုံးအနက် ပညာရှိတွေ . . . သူတော်ကောင်းတွေ . . . အများဆုံး ကြိုးစားရှာဖွေတဲ့ အသိပညာကတော့ သူတို့ကိုယ် သူတို့ နားလည်စေဖို့ဆိုတဲ့ အသိပညာပါပဲ။



All that one gains by falsehood is, not to be believed when he speaks the truth.

မုသား လိမ်လည်မှုတွေနဲ့ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ရရှိတဲ့ အရာအားလုံးကတော့ . . . သူ အမှန်တရားကို ပြောတဲ့အခါမှာလည်း သူ့ကို မယုံကြည်တော့တာပါပဲ။



In teaching there should be no class distinctions.

ပညာရပ်တစ်ရပ်ကို သင်ကြားလေ့ကျင့်ပေးတဲ့အခါမှာ . . . လူအတန်းစားခွဲခြားမှုဆိုတာ မရှိသင့်ပါဘူး။

Read More...(ဆက်လက်ဖတ်ရန်)

September 20, 2007

အသိနှင့်ကိုယ်ကျင့်

အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာညွှန်ပြနိုင်၏။ ကျင့်၍မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမများများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤကမ္ဘလောကကြီးဝယ် လူကောင်း သူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments