September 24, 2007

ငါဘယ်သူလဲ

i?

ငါက မင်းရဲ့ ထာဝရခရီးဖော်။ မင့်ရဲ့အကြီးမြတ်ဆုံးကူညီရှင်

(သို့တည်း မဟုတ်) အလေးပင်ဆုံးဝန်ထုပ်ကြီး။

မင်းကို အပေါ်တွန်းတင်တာငါ။ အောက်ဆွဲ ချတာလဲ ငါပဲ။

မင့်အမိန့်အတိုင်း မဆိုင်းပြီးပြတ် ဆောင်ရွက်တတ်တဲ့ ငါပါ။

ငါ့ကို ကိုင်တွယ်ဖို့ သိပ်လွယ်။ မြဲမြဲဆုပ်ထားလိုက်ရုံရယ်။

မင်း ဘယ်လို လုပ်ချင်တယ်ဆိုတာသာ အတိအကျပြ။

ငါက နည်းနည်းစမ်းကြည့်ပြီးအလိုအလျောက်လုပ်သွားမှာပါ။

ကြီးကျယ်သူအားလုံး၊ ကျဆုံးသူအားလုံးရဲ့

လက်သုံးအမှုတော်ထမ်းဖြစ်တဲ့ငါ။

တချို့ထွန်းကားသွားကြတာ- အဲဒါငါ့ လက်ရာ။

တချို့မြောင်းထဲကျ ဘ၀ပျက်- အဲဒါလဲ ငါ့လက်ချက်။

လူ့အသိဥာဏ်နဲ့“စက်”ဆန်တဲ့သဘာဝပေါင်းစပ်အလုပ်လုပ်ရပေမယ့်

ငါက ယန္တရားမဟုတ်ဘူး။

အကျိုးထွက်သူ မြူးချင်မြူး၊ အကျိုးပျက်သူ ရူးချင်ရူး

ငါ့အတွက်တော့ ပဇာမျှမထူး။

ဆောင်ယူပါ ငါ့ကို။ လေ့ကျင့်ပါ ငါ့ကို။ မြဲမြံပါ ငါ့ကို။

ကမ္ဘာလောကကို မင့်ခြေအောက် အရောက်ငါ လာထားမှာမလွဲ။

မေ့လျော့ပေါ့ဆနေရင်တော့

မင့်ကို ငါဖျက်ဆီးပစ်မှာပဲ။

ငါဘယ်သူလဲ

Read More...(ဆက်လက်ဖတ်ရန်)

မြန်မာစံတော်ချိန်

Calendar


Recent Comments