I love you တဲ့
လှလိုက်သောစကားစု
လူတိုင်းကြားချင်ကြတာ တွေ့ချင်ကြတာ
သွားမကြည့်နဲ့ ပျက်စီးသွားမယ်
ဒုက္ခပေးမယ့်ဒီအကောင်
အဲဒါ Virus တဲ့
မင်းလေးလည်း ဒီလိုပဲ
အရမ်းလှပြီး ဒုက္ခပေးမှာလား
ကိုယ့်ရဲ့ System တစ်ခုလုံးပျက်စီးသွားပါစေ
Run လိုက်မှာပဲ…..
မှတ်ချက်။ ။ I love You Virus ပေါ်ခဲ့သောအချိန်က ရေးထားသော ကဗျာလေးပါ ….
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
. တိုင်းပြည်တစ်ပြည်က ဘုင်ရင်ကြီးက ယုတ္တိဗေဒ ပညာရှင်အမတ်ကြီးကို ပြောပါတယ် ”လူတွေအားလုံးလူလိမ်တွေ” ပဲတဲ့ ဒါကို ပညာရှိအမတ်ကြီး က ရှင်ဘုရင်ကြီး ပြောတဲ့ ”လူတွေအားလုံးလူလိမ်တွေ” ဆိုတာ မှန်တယ်လို့ ယူဆကြပါစို့ ရှင်ဘုရင်ကြီးကလည်း လူသားတစ်ယောက် ဖြစ်နေတဲ့ အတွက် လူလိမ် ပါပ၊ဲ လူလိမ်ပြောသော စကားဟာ မမှန်ပါဘူး ဒါကြောင့် ”လူတွေအားလုံးလူလိမ်တွေ” ဆိုတာ မှားပါတယ် လို့ပြန် ဖြေပါတယ်။ ပညာရှင်အမတ်ကြီးရဲ့ ဖြေရှင်းချက်က ဘယ်လောက်ကောင်း လိုက်သလဲဗျာ၊ သာမန်ကြည့်ရင်တော့ ဘာမှ မဟုတ် သလိုပါပဲ ဒါပေမယ့် သူဖြေကြားပုံက တမူထူးခြားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဓိကဖြေချင်တာက ”လူတွေအားလုံးလူလိမ်တွေ” မဟုတ်ပါဘူး လို့လေ သို့ပေမယ့် အရင်ဆုံး မှန်တယ်လို့ ယူဆပြီးမှ မှားတယ်လို့ လက်ခံနိုင်အောင် ပြန်လည် ဖြေရှင်းထားခြင်း ဖြစ်ပါတယ်။ ရှင်ဘုရင်ရဲ့စကားကို မှားတယ်လို့တန်းပြောလို့ မရဘူးလေ မှားနေတယ်ဆိုတာကို သူလက်ခံ လာအောင် ကျိုးကြောင်းဆီလျှော်စွာ ပြောဆိုဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။
. . . . . မှတ်ချက်
စာရေးဆရာဦးအောင်သင်းရေးသားထားသော အကြောင်းအရာလေးကို အဆင်ပြေသလို ပြန်လည်ရေးသား တင်ပြခြင်း ဖြစ်ပါတယ်။
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
ရွာဦးကျောင်းက
အုန်းမောင်းခေါက်သံနှင့်အတူ
လင်းကြက်တို့တွန်လေပြီ
အရှေ့ဆီကနေရောင်နှင့်အတူ
အာရုံဦးနံနက်ခင်းကိုမွေးဖွားခဲ့ပြီ
တနေ့တာ၏နိုးထခြင်းနှင့်အတူ
အနာဂတ်ရောင်ခြည်ကိုထိုးဖေါက်တော့မယ်
ကဲ
. . . . . . . . . . . . သွားကြစို့

Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
အညာမြေ
မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကြီးတည်ရှိပါတယ်။ ဒီမြစ်ကြီးဟာမြန်မာနိုင်ငံရဲ့ မြောက်ဖျားမှာ မြစ်ဖျားခံ ပြီး တောင်ပိုင်းကို စီးဆင်းနေပါတယ်။ တချို့ မြန်မာနိုင်ငံသားတွေဟာ ဒီမြစ်ကြီးကိုအားကိုးပြီး မြစ်ပတ်ဝန်းကျင်မှာ အဓိက နေထိုင်ကြပါတယ်။ မြစ်ဖျားပိုင်းမှာနေထိုင်သူ၊ အထက်ပိုင်းမှာနေထိုင်သူ၊ အောက်ပိုင်းမှာနေထိုင်သူ အစရှိသဖြင့် အမျိုးမျိုးနေထိုင်ကြပါတယ်။ မြစ်ဖျားပိုင်းကတော့ မန္တလေးအထက်ပိုင်းပါ၊ ဒီဒေသမှာ နေထိုင်သူတွေကို တောင်ပေါ် မှာနေထိုင်သူတွေဖြစ်လို့ တောင်ပေါ်သားလို့ခေါ်ကြပါတယ်။ မြစ်အထက်ပိုင်းကတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့ဖြစ်ပါတယ်။ ဒီဒေသမှာ နေထိုင်သူတွေကို အထက်သားလို့ မခေါ်တော့ပဲ "အညာသား" လို့ခေါ်ပါတယ်။ မြစ်အောက်ပိုင်းကြတော့ မကွေးတိုင်းအောက်ပိုင်းဖြစ်ပါတယ်။ ဒီဒေသမှာနေထိုင် သူတွေကိုတော့ အောက်ပိုင်းသား (အကြေသား) တွေလို့ခေါ်ပါတယ်။
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
. . . . . ပျောက်ဆုံးသွားတဲ့
မင်းရဲ့ မျက်နှာတစ်စုံ၊
ကွဲအက်သွားတဲ့
ငါ့ရဲ့ အသည်းတခြမ်း၊
မမြဲဘူးဆိုတဲ့
သင်္ခါရတရား၊
ဒါတွေအားလုံး ပေါင်းလိုက်ရင်
ဘာတွေကျန်ဦးမှာလဲ……….
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
ကိုယ်ကျင့်တရား
၁. ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ ဘာလို့လိုအပ်တာလဲ။ ဘာကြောင့် ကိုယ်ကျင့်တရားကို လောကပါလ တရားလို့ သတ်မှတ်ရတာလဲ
၂. ကိုယ်ကျင့်တရား အကောင်းနဲ့ ကိုယ်ကျင့်တရားအဆိုး ဆိုတာ ဘာတွေလဲ
၃. ကိုယ်ကျင့်တရားကောင်းဖို့ ဘာတွေ လိုအပ်လဲ။ ကိုယ်ကျင့်တရား ဆိုးဖို့ရော ဘာတွေလိုအပ်လဲ
၎. ကိုယ်ကျင့်တရားကောင်းဖို့လိုတာ ဘာကြောင့်လဲ
၅. ကိုယ်ကျင့်တရားကောင်းလို့ လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ
၆. ကိုယ်ကျင့်တရားဆိုးရင်ရော လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ
ကိုယ်ကျင့်တရားဆိုတာ မိမိကိုယ်တိုင် ကျင့်ကြံယူရသောတရား ဖြစ်ပါတယ်။ မည်သူတဦး တယောက် ဆီကမှ တောင်းယူ ၍မရ၊ ပေး ၍လည်းမရပါ။ ကိုယ်ကျင့်တရားမှ မဟုတ်ပါ တခြားတရားတွေ သည်လည်း ထို့အတူပါပဲ ကိုယ်တိုင် စောင့်ထိန်း ကျင့်ကြံ အားထုတ်ပါမှရပါမယ်။
ကိုယ်ကျင့်တရားရှိဖို့ ဆိုတာ အကျင့်သီလရှိဖို့ပါပဲ၊ ဗုဒ္ဓဘာသာအရ ဆိုလျှင် အခြေခံသီလ ငါး ပါး (၀ါ) ငါးပါးသီလ ကိုလုံခြုံအောင် စောင့်ထိန်းနိုင်ရင် ကိုယ်ကျင့်တရားရှိသူ (သီလရှိသူ) လို့သတ်မှတ် နိုင်ပါတယ်။ ဘုန်းကြီး ကျောင်းမှာ ဥပုသ် သီလခံယူရုံမျှနှင့် သီလရမည် မဟုတ်ပါ၊ သီလအကြောင်းကို သိရုံသာ ရှိပါမယ်။ ထို့ကြောင့် လူတိုင်း သီလရှိသူဖြစ်ဖို့ ကိုယ်တိုင်သီလ စောင့်ထိန်းဖို့ လိုအပ်ပါတယ်။
လောကပါလတရားနှစ်ပါးဆိုသည်မှာ ရှက်ခြင်းနှင့်ကြောက်ခြင်း လို့လက်ခံ ကြပါတယ်။ ရှက်ခြင်းနှင့် ကြောက်ခြင်းမှာ အခြေအနေ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ မိန်းကလေးတယောက်ဟာ ယောင်္ကျားလေး တွေရှေ့  ကနေဖြတ်လျှောက်ရမှာ ရှက်ခြင်း၊ ညအမှောင်ထဲသွားရမှာ ကြောက်ခြင်း စသည့် ရှက်ခြင်း၊ ကြောက်ခြင်းသည် လောကပါလတရား မရှိခြင်း (၀ါ) သီလမရှိခြင်း မဟုတ်ပါ။ လောကပါလနှစ်ပါးလို့ခေါ်တဲ့ ရှက်ခြင်း၊ ကြောက်ခြင်း ဆိုသည်မှာ မကောင်းမှုကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်ပါတယ်။ မကောင်းမှုကို မလုပ်ရင် အနည်းနှင့်အများ ကောင်းမှုကို လုပ်ဖြစ်မှာ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားရှိသူ(၀ါ) သီလရှိသူ တွေမှာလည်း မကောင်းမှုကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင့်တရားကို လောကပါလတရားလို့ သတ်မှတ်ရပါတယ်။ ကိုယ်ကျင့် တရားကောင်းဆိုတာ သီလမြဲပြီး သူတပါးကောင်းကျိုးအတွက် လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုး ဆိုတာ သီလမမြဲခြင်း၊ သူတပါးအပေါ် ကိုယ့်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ မနောစိတ်ဖြင့်စေ မကောင်းမှုပြုလုပ်ခြင်း၊ မကောင်းမှုကြံခြင်း ဖြစ်ပါတယ်။
ကိုယ်ကျင့်တရားကောင်းဖို့အတွက် ကိုကိုယ်ကို ထိန်းနိုင်ဖို့၊ သီလမြဲဖို့ လိုအပ်ပါတယ်။ ကိုယ်ကျင့်တရားဆိုး ဖြစ်ပေါ်ဖို့ဆိုတာ မိမိစိတ်၊ မိမိအပြုအမူပေါ်မှာပဲ မူတည်ပါတယ်။ စာရေးဆရာ ဖေမြင့်ရေးသား ထားသော ” သင့်တွေးသည့် အတွေးအကြံများ အတိုင်းသာ” စာအုပ်မှာ ပါသည့်အတိုင်း ကိုယ့်စိတ်ထဲမှာ ကောင်းတာတွေ တွေးတောကြံစည်နေမည် ဆိုလျှင် ကောင်းမှုတွေကိုပဲ လုပ်ဖြစ်မှာ ဖြစ်ပြီး၊ မကောင်းမှုတွေကို တွေးတောကြံစည် နေမည်ဆိုလျှင် မကောင်းမှုတွေကို လုပ်ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတာတွေကို မလုပ်နိုင်သေးရင်တောင် ကောင်းတာတွေကို တွေးတောကြံစည် နေသင့်ပါတယ်။ မကောင်းမှုစိတ် ၀င်လာရင် ပယ်ဖျောက် နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
ကိုယ်ကျင့်တရားကောင်းရင် အခုရောက်နေတဲ့ဘ၀ လောကီရေးရာမှာ ကိုကိုယ်ကို ယုံကြည်မှု၊ သူတပါးတွေရဲ့ လေးစားခင်မင်မှု ရရှိမှာဖြစ်ပြီး လောကုတ္တရာမှာ ငြိမ်းချမ်းအေးမြပြီး သံသရာ အဆက်ဆက် အကျိုးပေး ကောင်းမှာဖြစ်ပါတယ်။ ကိုယ်ကျင့်တရားဆိုးရင်တော့ ဘယ်နေရာမှကောင်းမည် မဟုတ်ပါ။ ကောင်းကျိုး ရရှိ ခဲ့မယ် ဆိုရင်လည်း ခဏတာဖြစ်ပြီး ကိုယ်လုပ်ခဲ့တဲ့ မကောင်းမှုဒဏ်တွေကို တချိန်ကြရင် ပြန်လည် ပေးဆပ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် လူတိုင်းမှာ ကိုယ်ကျင့်တရား(သီလ)ကို အခိုင်မြဲဆုံးမဟုတ်တောင် သင့်တင့် လျှောက်ပတ်သော အဆင့် တခုရောက်အောင် ကြိုးစားထိန်းသိမ်း သင့်ပါတယ်။ လူ့ဘ၀မှာ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ကောင်းကျိုးရဖို့ ကိုယ်တတ်နိုင် သလောက် ကျင့်ကြံ အားထုတ်ဖို့ ပန်ကြားရင်း နိဗ္ဗာန်ရောက်ဖို့ ခြေလှမ်းကြပါစို့ ---------
“အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော
ယခုလက်ရှိအချိန်ထက်ကောင်းသောအချိန်မရှိ”
မင်းကွန်းဆရာတော်ဘုရားကြီး. . . မှတ်ချက်၊ .
အစ်မခွန်မြလှိုင်ရဲ့ မေးခွန်းများကို ကျွန်တော်သိသလောက် ဖြေထားခြင်း အမှားပါခဲ့ရင်၊ လိုအပ်တာများကို ဖြည့်စွက်နားလည်ပေးပါရန်
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)