“မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ မေ့မရနိုင်ပါပေ အခွင့်ရယ်သာတဲ့ တစ်နေ့မှာ အရောက်တော့ လာခဲ့ဦးမယ် ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည်” အဆိုတော် အောင်သူရဲ့ သီချင်းလေးကို ကြားလိုက်ရတော့ မကွေးမြို့ မြသလွန် စေတီနဲ့ ဘုရားပွဲတော် ကိုသတိရမိပါတယ်။ မြသလွန် ဘုရားပွဲတော်ကို နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ် လဆန်း(၁၀) ရက်နေ့မှာ စတင်ဖွင့်လှစ်ပါတယ်။ လဆန်း(၁) ရက် နေ့ကတည်းက ဆိုင်များ ရောက်ရှိနေကြပါတယ်။ တချို့ဆိုင်တွေက တော်တော် စောစော လာဖွင့်ကြပါတယ်။ ဖွင့်ပွဲ မလုပ်ခင်ကတည်းက ပွဲတော်က စည်ကားနေပါတယ်။ ပွဲတော်ဆိုင်ခန်းများကို ၀ါခေါင်၊ တော်သလင်း ကတည်းက ဆောက်လုပ်ရပါတယ်။
မြသလွန်စေတီတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့သော မြသား (အစစ်) သလွန်တော်ကို ဌာပနာ ၍ တည်ထားပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရဲ့ အငွေ့အသက်များရှိနေပြီး တန်ခိုးတော် ထက်မြက်လှပါပေသည်။
မြသလွန်စေတီတော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့သော မြသား (အစစ်) သလွန်တော်ကို ဌာပနာ ၍ တည်ထားပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရဲ့ အငွေ့အသက်များရှိနေပြီး တန်ခိုးတော် ထက်မြက်လှပါပေသည်။

မကွေးမြို့ကိုသွားရင် မြသလွန်စေတီတော်ကို ရောက်မှ မကွေးကို ရောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဘုရားပွဲတော်က စတင်နေပါပြီ။ မကွေးမြို့ကို သွားဖြစ်ကြရင် မြသလွန်စေတီတော်ကို ဖူးရင်း၊ ဘုရားပွဲတော် အလည်သွားကြဖို့ နိဗ္ဗာန်ကျိုးမျှော်၍ တိုက်တွန်း လိုက်ပါရစေ။
2 comments:
အမျိုးသမီးက မကွေးသူ ဆိုပေမယ့် ကျွန်တော်က မြသလွန် ဘုရားပွဲ မရောက်ဖူးသေးဘူး ... ပွဲတော် မဟုတ်တဲ့ အချိန်တော့ နှစ်ကြိမ် ရောက်ခဲ့တယ် ... :)
ရွှေညာသူက ကျွန်တော်လာရင် မကြိုဘူးဆိုလို့ မသွားတော့ဘူးဗျာ...ရွာသားလိုက်ပို့ရင်တော့ သွားချင်တယ် :D
Post a Comment