October 23, 2007

သာလွန်နုပျိုအောင်နေပါ

အိုမင်းလာတာနဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးကုန်တယ်ဆိုတာကို အယုံအကြည် ရှိပါသလား။ လေ့လာမှုများအရ ဒီအချက်ဟာ တကယ်တော့ မမှန်ကုန်ဘူးလို့ ဆိုပါတယ်။ အသက်(၆၀) နဲ့ (၇၀) အရွယ်တွေက သူတို့ရဲ့ စိတ်စွမ်းရည်က တစ်နှစ်မှာ ၁% ရာခိုင်နှုန်းထက် လျော့နည်းပြီး ကျဆင်းတာကိုတွေ့ရှိရပါတယ်။ အသက်(၈၀) အရွယ်တွေကတော့ ၂% ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က စိတ်ပိုင်းဆိုင်ရာ လေ့လာချက်အရ super young ( သူတို့ရဲ့ နဂိုအသက်ထက် နှစ်များစွာနုပျို တက်ကြွရွှင်လန်းသူများ) တွေက သူတို့ရဲ့ နုပျိုတဲ့စိတ်ကိုတောက်ပစေတဲ့ အဓိကအရည်အသွေးတွေက-
Super young-
  • သူတို့ကိုယ်သူတို့ ကောင်းအောင်တွေးပြီး ပွင့်လင်းတဲ့ဓာတ်ခံရရှိ။
  • သူတို့ကိုယ်သူတို့ အပြစ်ရှာ ဝေဖန်ခြင်းမပြု။
  • အငြိမ်းစားယူရမယ့် အရွယ်ထက်ကျော်လွန်ပြီး အလုပ် လုပ်။
  • လိုက်လျောညီထွေ သင့်တင့်လျောက်ပတ်အောင်နေတတ်။
  • ပျော်ပျော်နေတတ်တဲ့ စိတ်သဘောထားရှိ။
  • Super young ဖြစ်အောင်နေပါ။
ကိုးကား။ ။ ခင်စောတင့် (သင့်ဘဝကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းများ)

1 comments:

Unknown said...

ကိုလင်း

ကိုယ့်ဘာသာတောင် သတိမထားမိပါဘူးကွယ်
အလုပ်ထဲမှာ ပျော်အောင်နေ
ခလေးတွေနဲ့လိုက်လျော ညီထွေဖြစ်အောင်ကျိုးစား
ခေတ်ကိုအမှီလိုက် စိတ်ကိုပျော်အောင်ထားရင်း
super young ဖြစ်လား မဖြစ်လားမသိ
ကိုလင်း ပြောလိုက်တော့မှ
ကြည့်လိုက်တော့ အသက်က (၄၈)

မြန်မာစံတော်ချိန်

Calendar


Recent Comments