March 15, 2008

ကဗျာ (၁၆)

တိတ်တခိုး (new version)

လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။

မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။

ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ။

လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ။

ဒီကဗျာလေးကို ကိုဂျေ မှ တိတ်တခိုးကဗျာလေး ဖတ်ပြီး Comment မှာ Version ပြောင်း၍ အမှတ်တရ ရေးသားထားခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသားချိန် (၁၅)မိနစ်ပဲကြာပါသတဲ့ ခင်ဗျာ။ နောက်ဘာမှ Edit မလုပ်တော့ပဲ ဒီအတိုင်းလေးပဲ ထားလိုက်တော့ခြင်း ဖြစ်ပါတယ်။

2 comments:

စိုးထက် - Soe Htet ! said...

A good poem bro. I can feel although I 'm not good at poem writing. By the way, Kindly let me know this's new version or Nwe Version. :D

Anonymous said...

ကဗျာလေးက ၁၅မိနစ်သာကြာမေယ့်

အင်မတန်ကောင်းပါတယ်..

ခင်မင်လျက်

မြန်မာစံတော်ချိန်

Calendar


Recent Comments