ခန္တီစ= ဆဲဆို ငေါက်ငမ်း ကိုယ်စိတ်ပင်ပန်းအောင် ညှင်းပန်းနှိပ်စက် ပြုမူချက်ကို အမျက် ပြင်းထန် တုံ့မပြန်ဘဲ သည်းခံခြင်း
သည်းမခံခြင်း၏ အပြစ်ငါးပါး
၁။ လူအများ မချစ်ခင်ခြင်း၊
၂။ ကြမ်းကြုတ်ခြင်း၊
၃။ စိတ်မကြည်လင် မရွှင်လန်းခြင်း၊
၎။ တွေဝေလျက် သေရခြင်း၊
၅။ ငရဲသို့ ကျရခြင်း။
သည်းခံခြင်း၏ အကျိုးငါးပါး
၁။ လူအများ ချစ်ခင်ခြင်း၊
၂။ သိမ်မွေ့ နူးညံ့ခြင်း၊
၃။ စိတ်ကြည်လင် ရွှင်လန်းခြင်း၊
၎။ မတွေမဝေ သေရခြင်း၊
၅။ နတ်ပြည်သို့ ရောက်ခြင်း။
(အဂုင်္တ္တိရ်၊ ပဉ္စက၊ ဒုတိယ အက္ခန္တိ သုတ်)
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
အုန်းမောင်း ဟူသည် “ တောင်တောင်တလောင်တောင်၊ နောင်ဖူ၊ ဒူနောင်ဖု၊ တောင်ပုနေရာဆီးခြုံမှာ၊ တောင်ရာခုတ်တုန်း၊ ရာလုပ်တုန်း၊ ပြောင်းဖူးဖုတ်တုန်း၊ မီးမှုတ်တုန်း” ဟူသော အုန်းမောင်းသီချင်းကို ဆို၍ တုတ်တိုနှင့် တီးခေါက်လျက် ငှက်ခြောက်ရသော ၀ါးပိုးနှက်ဖက်ပိတ် အခေါင်းပေါက် ဖြစ်သည်။
‘အုန်းမောင်း’ ၏ အနက်ကို ဆင်ခြင်သော် ‘အုန်း’ ၏ အနက် ‘မိုးရွာထစ်အုန်း၊ အုန်းငြာခြိမ့်သဲ၊ အုန်းညံခြိမ့်ကြွေး၊ အုန်းအုန်းအင်းအင်း’ စသည်တို့၌ မည်သံ၊ ဟိန်းသံ၊ မြည်သည်၊ ဟိန်းသည်ဟုရ၏။
‘မောင်း’ ၏ အနက် ‘ကြိမ်းမောင်း၊ ခြိမ်းမောင်း၊ တီးယွန်းခြိမ့်မောင်း၊ မောင်းမဲ၊ မောင်းနှင်’ စသည်တို့၌ အော်သည်၊ မြည်သည်၊ အော်သံ၊ မည်သံ၊ အော်မည်၍ နှင်သည်၊ အော်မည်၍ ခြောက်လှန့်သည်ဟု ရ၏။
ထို့ကြောင့် အုန်းမောင်း၏ အနက်မှာ အသံကျယ်လောင်စွာ မြည်ဟိန်းသည့်တီးစရာ၊ ကျေးငှက်တိရစ္ဆာန်များကို ခြောက်လှန့်မောင်းနှင်စရာဟု အဓိပ္ပာယ်ရပေသည်။
အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ကုလားစစ်တပ်များ၏ လှုပ်ရှားမှုကို အချက်ပေးရန် အုန်းမောင်းများကို အသုံးပြုလာကြသည်။ ထိုအခါ အုန်းမောင်းကို ကုလားတတ် ခေါ်ကြရာမှ ကလတက်(ကလဒက်) ဖြစ်ခဲ့လေသည်။
ရှေးလူကြီးများက စာကြောင်းချုံ့လို၍ ‘က္လတက်’ ဟု ‘က’ နှင့် ‘လ’ ကိုဆင့်၍ ရေးတတ်ကြသဖြင့် ဘုန်းကြီးကျောင်းသားများက “ကကြီးလပေါ်တက် ကလတက်” ဟူ၍ ပြက်ရယ်ပြု၍ ဆိုကြသေးသည်။
ကလတက်မှ ကလဒက်သို့။
သံဃာတော်အရှင်မြတ်တို့သည် ၀ိနည်း ဒေသနာတော် အရ နေ့လွဲညစာ ဘုဉ်းမပေးရသောကြောင့် အရုဏ်ဆွမ်း ဘုဉ်းပေးရန် ခွင့်ပြုတော်မူခဲ့ပေသည်။ ထို့ကြောင့် ဆွမ်းချက်ရန် ဆွမ်းပို့ရန်ကာလ ရောက်ပြီဟု အချက်ပေးရန်အတွက် တစ်ရွာလုံး ကြားလောက်သည့် အချက်ပေး ကိရိယာ လိုအပ်လာသည်။ ထိုကိရိယာကို လုံးပတ်သုံးပေ အလျားငါးပေ လောက်ရှိသော သစ်တုံးကို အလျားလိုက် အခေါင်းထွင်းပြီး တင်းပုတ်နှင့် ထုသော အခါ တစ်ရွာလုံးကြားအောင် မြည်ဟိန်းလာသည်။ အချိန်ကာလကို ဖေါ်ပြရန် ပစ္စည်း ဖြစ်၍ ကာလတက်ခေါ်ရာမှ ကလဒက် ဖြစ်လာသည်။ အတိုကြိုက်သူများက တုံးဟုခေါ်ကြသည်။ သစ်တုံးကို ပြုလုပ်ထားသော ပစ္စည်းကို တုံးဟုခေါ်သည်မှာ ခေါ်ထိုက်လှပေသည်။ အချို့ ကျောင်းများက နံနက် သုံးနာရီ၊ တုံးခေါက်သည်။ အချို့က သုံးနာရီခွဲ၊ အချို့ ကလေးနာရီ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းလေတော့သည်။
တုံးကို အချို့ကျောင်းများက ဒေါင်လိုက် ကြိုးနှင့်ဆွဲထား၍ အချို့ကျောင်းများက တုံးလုံး စင်တင်၍ ထားသည်။ သည်ဟာသည်လည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် တုံးခေါက်ပုံမှာ တညီ တညွတ်တည်း ဖြစ်ကြပါသည်။
ရှေးဦးစွာ အသံကြီးကြီး ကျဲကျဲတီးပါသည်၊ တုံးခေါက်သံသည် ကြီး၍ ကျဲရာမှ တဖြည်းဖြည်း၊ အသံတိုး၍ တိုး၍ အသံစိတ်၍ စိတ်၍ လာပြီး အသံပျောက်သွားပါသည်။ ထိုနည်း သုံးကြိမ်သုံးဖန် တီးပါသည်၊ နောက်ဆုံး သံကြီး သုံးချက်ကို စက္ကန့်ခြား၍ တအားဆော်လိုက်ပါသည်။
ဝါတွင်း သုံးလရောက်ကာလတွင် သံဃာတော်များ ဆွမ်းကွမ်း ပိုမို ဖူလုံရန်အတွက် အရုဏ်ဆွမ်းချက်ရန် နှိုးဆော်သည့် အဖွဲ့များက နံနက် သုံးနာရီလောက်ကစ၍ တစ်ရွာလုံးလှည့်ပြီး “ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့” ဟူသော အသံကြားရသည်မှာလည်း ကြည်နူးဖွယ် ဖြစ်လှပါသည်။
အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် အသိဥာဏ်ရှိစွာဖြင့် သာသနာတော်ကို ကြည်ညို ပြုပြင်တတ်ဖို့လိုအပ်လှပါသည်။
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော် မူစဉ်က ကောသမ္ဗီပြည်သား ရဟန်းများသည် မပြောပလောက်သောဖြစ်ရပ်တစ်ခုကို အခြေခံပြီး အငြင်းပွားရာ နှစ်ပက္ခကွဲပြား၍ ရန်မီးများ ကြီးထွားလာခဲ့ရာ ဗုဒ္ဓမြတ်စွာသည် ဆုံးမ၍ မရသော ရဟန်းတော်များနှင့် အတူ မနေတော့ဘဲ ပလလည်း တောသို့ကြွသွားတော်မူခဲ့ပါသည်။ နောက်ဆုံး ၎င်းရဟန်းတော်များ အားလုံးပြန်လည် ညီညွတ်ကြသောအခါမှ ပလလည်း တောမှ ဘုရားကို ပြန်ပင့်ခဲ့ရသည်။ ဤ၀တ္ထုကို သာဓကထား၍ ပဲခူးမြို့မ ဆရာတော် ဘုရားကြီးက သာသနာတော်ကို ကြည်ညိုရာ၌ အသိဥာဏ် ရှိကြရန် လိုအပ်ကြောင်း အုန်းမောင်းအကြောင်းရေးသားတင်ပြရင်း တိုက်တွန်းလိုက်ရပါသည်။ (ဥဿာဆရာအို)

Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)
... ဘယ္လို ဘေလာ့ဂ္ဂါ မ်ိဳးလဲ ? ...
| You Are a Life Blogger! |
 Your blog is the story of your life - a living diary. If it happens, you blog it. And make it as entertaining as possible. |
ကိုဘလင့်၊ ကိုစိုးထက် တို့ဆီမှာ တွေ့ပြီးအားကျလို့ စမ်းကြည့်လိုက်ပါတယ်
Read
More...(ဆက်လက်ဖတ်ရန်)
Summary
only...(အနှစ်ချုပ်သို့)