August 30, 2007

ဘုရားဖူးငါးကြီးများ(၂)


ဝါခေါင်လပြည့်တွင် ထို့သို့စည်ကား၏


ဘုရားဖူးငါးကြီးများ အစာကျွေးဆိပ်ကမ်းသို့

မုန်းချောင်းရှိငါးစာကျွေးကမ်းစပ်

ဖွဲနုများကို ထမင်းရည်နှင့် ဆုတ်နယ်ထားသော ငါးစာ

စန္ဒကူးသစ်များတင်လာရာ ရွက်သင်္ဘောကို နတ်ဘီးလူးများ နှောက်ယှက်နေပုံ

“ဘုရားဖူးငါးများကို ဤသို့ယူဆနိုင်စရာ”

ငါးများလာခြင်းသည် ၀ါတွင်းကာလဖြစ်ပြီး ကျောင်းတော်ရာစန္ဒကူးနံ့သာ ကျောင်းတော်ကြီး ဖြစ်ပေါ်ခြင်း၊ မြတ်စွာဘုရား သီတင်းသုံးတော်မူခြင်းကလည်း ၀ါတွင်းကာလဖြစ်သောကြောင့် အဌကထာများလာ စကားအရ ကျောင်းတော်ဆောက်ရန် စန္ဒကူးနံ့သာသစ်များကို စန္ဒကူးတောမှ ခုတ်ယူပြီး စူဠပုဏ္ဏသူကြွယ် အမှုးပြုသော ကုန်သည်ငါးရာတို့သည် ရွက်သင်္ဘောဖြင့် သယ်ဆောင်ခဲ့ကြသောကြောင့် ကျွန်းစောင့်နတ်ဘီလူးများသည် အမျက်ထွက် သဖြင့် ဖျက်ဆီးရန်လိုက်၍ နှောက်ယှက်ကြရာတွင် မဟာပုဏ္ဏရဟန္တာ အရှင်မြတ်၏ တန်ခိုးတော်ကြောင့် ၄င်းနတ်ဘီးလူးတို့၏ အကြံသည် မအောင်မြင်ဘဲ လက်လွှက် လိုက်ရကြောင်း ပါရှိလေသည်။

ထို့ကြောင့် အဘိဓမ္မာ ဒေသနာတော်လာ ကံ ကမ္မနိမိတ် သဘောအရ နတ်ဘီးလူးတို့သည် စုတေစိတ် ကျခါနီး အခါတွင် သယ်ဆောင်ယူသွားခြင်း ခံရသော ၄င်းတို့၏ စန္ဒကူးသစ်များကို အာရုံစွဲ၍ စုတေစိတ်ကျ သောကြောင့် ၄င်းတို့၏ စန္ဒကူးသစ်များရှိရာ ကျောင်းတော်ရာဌာနသို့ လိုက်ပါခြင်းများ ဖြစ်လေမလားဟု ယူဆစရာ အကြောင်း ရှိပေသည်။

မှတ်ချက်။ ။ ကျမ်းလာစကား တိုက်ရိုက်မရှိ၍ တထစ်ချမဆိုနိုင်ပါ။ ယူဆချက်များသာဖြစ်ပါသည်။


2 comments:

ရွက်ဝါ said...

စိတ်ဝင်စားစရာပဲနော်။ ငါးကြီးတွေအကြောင်းသိရလို့ ကျေးဇူးတင်ပါတယ်။

ထွန်း said...

Please post more detail about fish and pagoda... Thank you so much. By the way, why lesser fish are coming in this year? Any reason or horoscope?

မြန်မာစံတော်ချိန်

Calendar


Recent Comments