September 1, 2007

အိပ်ပုံအိပ်နည်း လေးမျိုး


၁။ ပြိတ္တာတို့ အိပ်ပုံအိပ်နည်း

၂။ ပျင်းတဲ့သူများ အိပ်ပုံအိပ်နည်း

၃။ ကာမဂုဏ်သားတို့ အိပ်ပုံအိပ်နည်း

၎။ သူတော်ကောင်းတို့ အိပ်ပုံအိပ်နည်း


၁။ ပြိတ္တာလေးများသည် (ပက်ကျိကောင်လို) အရိုးမရှိကြ၊ ထို့ကြောင့် ရပ်လျက် ထိုင်လျက် ကြာကြာ အနေနိုင်၊ သို့ဖြစ်သောကြောင့် အိပ်သောအခါ ပက်လက်ကလေးများ အိပ်တတ်ကြ၏။

၂။ ပျင်းရိတဲ့သူများကား အိပ်ပြီဆိုလျှင် အပျင်းထူတဲ့ သူတို့ရဲ့ ပုံစံ အတိုင်း မှောက်ခုံကြီးတွေ အိပ်တတ်ကြသည်။

၃။ ကာမဂုဏ်သား ယောက်ျားတို့ကတော့ လက်ဝဲဘက်သို့ စောင်းလျက် အိပ်တတ်ကြ၏။

၎။ သူတော်ကောင်းတို့ အမူအရာကား လျောင်းပြီဆိုလျှင် ( ကာမဂုဏ်သား တို့နှင့် ဆန့်ကျင် ဘက်) လက်ယာဘက်သို့စောင်းပြီး အိပ်တတ်ကြ၏။ ထိုသို့ ပြုမူသည်ကို “လက်ယာနံတောင်း စောင်းလျက်အိပ်သည်” ဟုဆိုကြ၏။ သူတော်ကောင်းတို့၏ အမူအရာပင်ဖြစ်ပါသည်။

သာဓက - ဗုဒ္ဓ မြတ်စွာဘုရား သည် လက်ယာဘက်သို့သာ အမြဲတမ်းစောင်းလျက် ကျိန်းစက်တော်မူခြင်း။

မှက်ချက်။ ။ တစ်ဘ၀သာသနာဆရာတော် အရှင်ဃောသိတ ရေးသားထားသော မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာကျမ်းမှ


4 comments:

* In Search of Truth * said...

ဗဟုသုတ ရပါတယ်။ ကျေးဇူးပါဗျာ။

ထွန်း said...

Well. I use to but now I have to sleep to non-right sleeping position due to my health condition. If I do right side sleeping position, I got terrible pain and suffer for a few days. Your title is true for healthy person not patient... :-(( Sorry to tell you but this is my existing condition! and truth!

JulyDream said...

ပက်လက်တော့ မအိပ်တတ်ဘူး။ အိပ်လို့ မပျော်ဘူး။ ကျန်တဲ့သုံးမျိုးကတော့ အိပ်လို့ဖြစ်တယ်။

Myo Kyaw Htun said...

လတ်တလောတော့ ပက်လက်ပဲ အိပ်နေရတယ်။ အရင်တုန်းကတော့ ဘယ်ဘက်ပဲ လှည့်အိပ်လေ့ရှိတယ်။ ညာဖက်လှည့်အိပ်ရင် အိပ်ရင်း အသက်ရှူမဝသလိုလို ဖြစ်ဖြစ်လာလို့ ပက်လက်ပြန်ပြန်အိပ်ရာက ဘယ်ဘက်အိပ်တတ်သွားတာ။ လတ်တလောတော့ ညာဖက်လှည့်အိပ်လို့မရဘူး ဘာလို့လဲဆိုတော့ ဒဏ်ရာရှိနေလို့။ ဗဟုသုတအတွက်တော့ ကျေးဇူးပဲဗျို့

မြန်မာစံတော်ချိန်

Calendar


Recent Comments